သတိမထားမိတဲ့ အဆီပိတ်ဝေဒနာ

ဆေးပညာခေါ်အရအဆီပိတ်ရောဂါ (နှလုံးသွေးကြောကျဉ်းရောဂါ) ဆိုတာသွေးကြောများရဲ့အတွင်းနံရံတွင် ကိုလက်စထရော (အဆီ)၊ ကယ်လဆီယမ်နှင့် ဆဲလ်အသေအစအနများ စုပုံလာကာ သွေးကြောများ ထူအမ်းကျဉ်းမြောင်းသွားသည့် အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အဆီပိတ်ခြင်းအကြောင်းရင်းတွေကတော့ သွေးတွင်း LDL (မကောင်းသောအဆီ) များခြင်း၊ သွေးတိုးခြင်းဆီးချိုရှိခြင်း၊ဆေးလိပ်သောက်ခြင်းနှင့်လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်ဖြစ်တယ်လို့သိရပါတယ်။

အဆီများပိတ်ဆို့လာတဲ့အခါ ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှုကို နှောင့်နှေးစေပြီး နှလုံးသွေးကြောတွင်ပိတ်ပါက နှလုံးပုပ်ခြင်း (Heart Attack)၊ ဦးနှောက်သွေးကြောတွင်ပိတ်ပါက လေဖြတ်ခြင်း (Stroke) နှင့် ခြေလက်သွေးကြောများတွင်ပိတ်ပါက အသားပုပ်ခြင်း (Gangrene) တို့ကို ဖြစ်စေနိုင်ပါတယ်။

ရောဂါဖြစ်စေသော အဓိကအကြောင်းရင်းများ

  • သွေးတွင်း ကိုလက်စထရော (အဆီ) ပါဝင်မှုများခြင်း
  • သွေးတိုးရောဂါ ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ဆီးချို၊ သွေးချိုရောဂါ ရှိခြင်း
  • အဝလွန်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
  •  စိတ်ဖိစီးမှုများခြင်း တို့ ဖြစ်ပါတယ်။

  ကာကွယ်ရန်နည်းလမ်းများ

အစားအသောက်အနေနဲ့ ဆိုရင် အဆီအဆိမ့် များ တာတွေ ကို ရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့  အသီးအနှံ၊ကြက်နဲ့ငါး နှင့်  နှံစားသီးနှံများ ကို ပိုမိုစားသုံးသင့်ပါတယ်။

အခုဆိုရင်ကိုယ်ရဲ့နေ့စဉ်နေထိုင်မှုပုံစံတွေကို ပြင်ဆင်ပြီး ဒီဝေဒနာကိုဖြတ်သန်းမယ်လို့မျှော်လင့်ပါတယ်။