Grace Win Company Limited နှင့်မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ

Grace Win Company Limited မှ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့် Potramac Oral Solution (Potassium Citrate & Magnesium Citrate) ဆေးအသစ် မိတ်ဆက်ခြင်း အခမ်းအနားကို Sunday, 18th Jan, 2026 ၌ Grand Ballroom, Melia Hotel , Yangon တွင် ကျင်းပခဲ့ပါတယ်။
ဤအခမ်းအနားတွင် ကုမ္ပဏီတာဝန်ရှိသူများ၊ ဂုဏ်သရေရှိဧည့်သည်တော်များနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ တက်ရောက်ခဲ့ကြပြီး “Breaking The Stone Cycle: The Science of Stone Formers and Inhibitors in Balance” ဆိုတဲ့ Panel Discussion Webinar လေးကို Internal Medicine, Nephrology, Urology Clinical Science ရှု့ထောင့်ပေါင်းစုံကနေ ဆရာဝန်ကြီးများဖြစ်ကြသော ” Prof.Myint Han, Prof.Phone Myint, Prof.Khin Thida Thwin, Prof.Hein Yarzar Aung, Prof.Kyaw Thiha Soe နှင့် Dr.Zayar Oo တို့မှ နေ့စဉ် Clinical Practice မှာ လက်တွေ့ အသုံးချနိုင်ဖို့အတွက် အသေးစိတ်ဆွေးနွေးသွားခဲ့ကြပါသည်။
Potramac Oral Solution (Potassium Citrate & Magnesium Citrate) ဆေး၏ အရည်အသွေး၊ အားသာချက်များ၊အကျိုးကျေးဇူးများအကြောင်းနှင့် ဆီးကျောက်တည်ခြင်းကို ထိရောက်စွာ ကာကွယ်ကုသပေးနိုင်မယ့်အကြောင်း ကိုလည်း အသေးစိတ် မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။
Gracewin Company Limited မှ တင်သွင်းဖြန့်ချိလိုက်တဲ့ Potramac Oral Solution (Potassium Citrate & Magnesium Citrate) ဆေးမိတ်ဆက်ပွဲ အမှတ်တရ ပုံရိပ်အချို့ကို ဝေမျှပေးလိုက်ပါတယ်။📸