မပေါ့ဆ သင့်တဲ့ တုပ်ကွေး

တုပ်ကွေးရောဂါဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့  ရောဂါပါ။ အဲ့ဒီ ရောဂါဟာ  တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပိုးဟာ အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး လေးမျိုးရှိပါတယ်။ ဖြစ်ပွားမှုအများဆုံးကတော့ အေ နဲ့ ဘီ အုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။

တုပ်ကွေးရောဂါ (Flu) သည် Influenza ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းကို အဓိကကူးစက်သည့် ကူးစက်မြန်ရောဂါတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အဖြစ်များပြီး လူစုလူဝေးရှိသော နေရာများမှတစ်ဆင့် နှာချေ၊ ချောင်းဆိုးရာမှ လွင့်စင်လာသော အမှုန်အမွှားများကြောင့် လွယ်ကူစွာ ကူးစက်နိုင်တယ်လို့သိရပါတယ်။

တုပ်ကွေးရောဂါ လက္ခဏာများ

ရောဂါဖြစ်ပွားစေနိုင်တဲ့ ပိုးဟာခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး (၁) ရက်မှ (၄) ရက်အတွင်း အောက်ပါလက္ခဏာများ ရုတ်တရက် ပြသတတ်ပါတယ်။ ရောဂါ လက္ခဏာတွေ ကတော့ ………..

ဘယ်သူတွေ အဖြစ်များလဲ

အထူးသဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များနှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များဆီးချို၊ နှလုံး၊ ပန်းနာရင်ကျပ်နှင့် နာတာရှည် ရောဂါအခံရှိသူများ အဖြစ်များပါတယ်။

ကုသခြင်းနှင့် ပြုစုခြင်း

တုပ်ကွေးဝေဒနာဖြစ်ပါက ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်မှ ပြန်လည်တိုက်ထုတ်နိုင်ရန် အဓိက ကုသပေးရပါမှာဖြစ်ပါတယ်။ကောင်းစွာ အိပ်စက်အနားယူခြင်းက အမြန်ဆုံး သက်သာစေပါတယ်။

အဖျားကြောင့် ရေဓာတ်မခမ်းခြောက်စေရန် ရေနွေး၊ ဓာတ်ဆားရည်နှင့် စွပ်ပြုတ် ပူပူနွေးနွေး သောက်ပေးဖို့သင့်ပါတယ်။ ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် အဖျားနှင့် ကိုယ်လက်ကိုက်ခဲမှုအတွက် ပါရာစီတမောကို အညွှန်းအတိုင်း သောက်သုံးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည် ဆိုတဲ့အတိုင်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ဟာ ဒေသအလိုက်၊ ရာသီအလိုက် ပုံစံပြောင်းလဲတတ်သဖြင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးကိုပုံမှန်ထိုးနှံသင့်ပါတယ်။ ပြီးတော့လက်ကို စနစ်တကျဆေးသင့်ပါတယ်၊ လူစုလူဝေးရှိသောနေရာများသို့ သွားလာပါက Mask တပ်ဆင်ပါ။

 အာဟာရပြည့်ဝသော အစားအစာများစားခြင်း၊ အသီးအနှံများစားခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာအောင် ထားရှိဖို့လိုအပ်ပါတယ်။