ဆီးချိုဆိုတာနာတာရှည်၊ကုသရခက်တဲ့ရောဂါ

ဆီးချိုရောဂါ ဆိုတာဘာလဲ

ကျွန်ုပ်တို့အားလုံးသိကြသည့်အတိုင်း ဆီးချိုရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို တိုးစေရုံသာမက၊ ခန္ဓာကိုယ်မှာရှိတဲ့ အမျိုးမျိုးသော တစ်ရှူးတွေ ရောင်ရမ်းနိုင်ခြေလည်း တိုးလာတယ်လို ဆိုလိုပါတယ်။ စိုးရိမ်စရာကဘာလဲဆိုတော့ ဆီးချိုဝေဒနာရှင်တစ်ဦးမှာ ဒဏ်ရာတစ်ခုရှိနေပါက ကူးစက်ခံရလွယ်ပြီး ကုသရခက်သွားနိုင်ပါတယ်။ ဒါကြောင့် ဂရုစိုက်သင့်ပါတယ်။

လူတော်တော်များများက အံ့ဩသွားနိုင်ပါတယ်။ ဝေဒနာရှင်များဟာ သွေးကြောကျဉ်းခြင်းနှင့် အာရုံကြောအာရုံကြောစနစ် ယိုယွင်းလာခြင်းကြောင့်ဖြစ်လာမှာပါ ။ ထုံစေတယ်။ ခြေဖဝါးမှာ အနာဖြစ်တဲ့အခါ များသောအားဖြင့် အစပိုင်းမှာ မခံစားရပါဘူး။ ဒါပေမယ့် ဒဏ်ရာက ပြင်းထန်တဲ့အခါ ခံစားရလိမ့်မယ်။ ဆိုပါတော့ ကုသမှု ခက်ခဲစေပြီး အနာကျက်မှု နှေးကွေးကာ လိုအပ်လောက်အောင် ပြင်းထန်နိုင်မှာပါ။

လက္ခဏာတွေ တွေ့လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ် 

ဆီးချို/Diabetes

အမျိုးအစား (၁) ဆီးချို

ဆီးချိုအမျိုးအစား( ၁ ) ဟာ အင်ဆူလင်ထုတ်လုပ်နိုင်တဲ့ ဘီတာဆဲလ် ပျက်ဆီးခြင်းကြောင့်  ဖြစ်တယ်လို့ ပညာရှင် များကခန့်မှန်းထား ပါတယ်။

ဆီးချိုအမျိုးအစား (၁) ဟာ ရောဂါရှင် အများစုသည် ရောဂါစဖြစ်သည့် အချိန်၌ ကိုယ်အလေးချိန်မှာ လူသာမန်များ အတိုင်းပင် ဖြစ်လေ့ရှိ ရောဂါစဖြစ်ကာစ အချိန်က အင်ဆူလင်တိုးမှု မှန်အတိုင်းပင်ရှိတတ်ပြီး  လူကြီးများရော ကလေးများတွင်ပါ ဖြစ်ပွားတတ်သော်လည်း ငယ်ရွယ်သူ များတွင် အဖြစ်များသော ကြောင့် ဂျူဗင်နိုင်း ဆီးချို ( လူငယ်ဆီးချို ) ဟုသာ အစဉ်အဆက် မပျက်ခေါ်ဝေါ်တတ်ကြသည်။

ဆီးချိုအမျိုးအစား-၁ ကို ကုသရာ တွင်  အခြေခံမူဝါဒမှာ တော့ ရောဂါ အစဦးပိုင်းမှပင် စတင်ကာ အင်ဆူလင်ဆေးဝါးကို ပြင်ပမှ ထိုးပေးခြင်း နှင့် ၊တဆက်တည်းမှာပင် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပေးနေရခြင်း ဖြစ်ပါတယ်။

အစားအသောက်ပိုင်းကတော့ နေ့စဉ် စားသုံးမှုတွေ မှာ ကောက်နှံတွေ၊ အဆီမပါတဲ့ အသား၊အခွံမာသီးတွေ၊ ပဲအမျိုးမျိုး၊ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

အမျိုးအစား (၁.၅) ဆီးချိုရောဂါ

Grace Win - သွေးတွင်းသကြားဓာတ်တိုင်းစက်ဖြင့် ဆီးချို (Diabetes) စစ်ဆေးနေပုံ

ဒီဆီးချို အမျိုးအစားက အမျိုးအစား (၁) ဆီးချိုနဲ့ အတော်လေး ဆင်တူပါတယ်။ ကွာခြားနေတာ တစ်ခုက သူက မွေးရာပါ မဟုတ်ဘဲ အသက်အရွယ် တော်တော်လေး ရောက်လာမှ ခံစားရတာမျိုးပါ။ များသောအားဖြင့် အသက် ၃၀ ဝန်းကျင်လောက်မှာ ခံစားရနိုင်ပါတယ်။

ဒါကြောင့်လည်း Latent Autoimmune Diabetes in Adults (LADA) လို့ ခေါ်တာပေါ့။ ဒီအမျိုးအစား ဆီးချိုက ဆယ်ကျော်သက်အရွယ်လောက်မှ ခံစားရတာ များပါတယ်။ ဒီအမျိုးအစား ဆီးချိုကို အမျိုးအစား (၂) ဆီးချိုနဲ့ အမှတ်မှားတတ် ကြပါတယ်။ လက္ခဏာတွေက ခပ်ဆင်ဆင် တူတာကြောင့်လည်း ပါပါတယ်။

ဒီ အမျိုးအစား ဆီးချိုမှာ ခန္ဓာကိုယ်က မုန့်ချိုအိတ်က ဘီတာဆဲလ်တွေကို တိုက်ခိုက်တာကြောင့် အင်ဆူလင် ထုတ်လုပ်မှုကို အပြင်းအထန် ကန့်သတ်ခံရပြီး သွေးတွင်း သကြားဓာတ် မြင့်လာရတာပါ။

မျိုးရိုးထဲမှာ အမျိုးအစား (၁) ဆီးချို၊ ဒါမှမဟုတ် အမျိုးအစား (၂) ဆီးချို ခံစားရသူတွေမှာ ပိုအဖြစ်များပါတယ်။ အချိန်ကြာလာတဲ့အခါ အမျိုးအစား (၁) ဆီးချိုလိုပဲ အင်ဆူလင် လုံးဝ မထွက်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။

ဒီ ဆီးချို အမျိုးအစားအတွက် ကုသမှုမှာ အင်ဆူလင် ထိုးတာ ပါသလို အခြားဆေးဝါးတွေ သောက်သုံးရတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါမယ်။

အမျိုးအစား (၂) ဆီးချို

ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တော့တဲ့အခါ အမျိုးအစား (၂) ဆီးချိုကို ခံစားရပါတယ်။ ဒီအခြေအနေကို အင်ဆူလင် ကောင်းစွာ မတုံ့ပြန်တာလို့လည်း ခေါ်ကြပါတယ်။

အမျိုးအစား (၂) ဆီးချို ခံစားရတဲ့အခါ အစောပိုင်းကာလမှာ အမြဲလိုလို ပင်ပန်းတာ၊ မကြာခဏ ဆီးသွားတာတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမျိုးအစား (၂) ဆီးချိုကို အစောပိုင်;ကာလမှာ မသိကြတာ များပါတယ်။

အမျိုးအစား (၂) ဆီးချိုကို သေချာ ဂရုစိုက ထိန်းသိမ်းတာမျိုး မရှိဘူးဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အနေနဲ့ကတော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချို ရောဂါ ခံစားရတဲ့အခါ အစောပိုင်းမှာ အကြို ဆီးချို ရောဂါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက သွေးတွင်းသ​ကြားဓာတ်မြင့်တာ၊ သွေးပေါင်တက်တာ၊ သွေးတွင်း ကိုလက်စထရောများတာ၊ ကိုယ်အလေးချိန် တက်တာ၊ အဝလွန်တာတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူပါတယ်။

တစ်ခါတရံမှာ ကိုယ်အလေးချိန် ထိန်းလိုက်တာက အမျိုးအစား (၂) ဆီးချို အစောပိုင်းကာလမှာ ရောဂါအခြေအနေ ထပ်မဆိုးလာအောင် ထိန်းချုပ်လိုက် သလိုပါပဲ။

အမျိုးအစား (၂) ဆီးချို ရှိသူတွေအနေနဲ့ အင်ဆူလင် ထွက်ရှိမှု ကောင်းအောင် ဆေးသောက်တာတွေလုပ်ပေးရသလို ကိုယ်အလေးချိန် လျှော့တာ၊ စိတ်ဖိစီးမှု လျှော့ချတာ၊ ထိရောက်တဲ့ ကုသမှုတွေ ခံယူတာမျိုး လုပ်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင် ဆီးချို

Grace Win - ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားတတ်သော ဆီးချို (Gestational Diabetes) စစ်ဆေးနေပုံ

အရင်က ဆီးချို မရှိဘဲ ကိုယ်ဝန်ရှိချိန်မှာ သွေးချိုက မြင့်နေမယ်ဆိုရင် ဒါဟာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရတာပါ။ ဒီဆီးချိုက ကလေး ကြီးထွားဖွံဖြိုးမှုအပေါ် သက်ရောက်နေသလို ကိုယ်ဝန်ဆောင်ချိန်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ မွေးဖွားမှု အခက်အခဲတွေ ရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရပြီဆိုရင် သွေးချိုကို ပုံမှန် စစ်ဆေးဖို့ လိုသလို ကိုယ်အလေးချိန်၊ ကလေးကြီးထွားမှုတွေကို စစ်ဆေးပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းက ထွက်တဲ့ ဟော်မုန်းက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ပန်ကရိယက အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ်က အမြဲလိုလို မြင့်တက်တဲ့အခါကိုယ်ဝန်ဆောင် ဆီးချို ဖြစ်လာပါတယ်။

မျိုးရိုးရှိသူတွေ၊ အဝလွန်နေသူတွေက အခြားသူတွေထက် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေပိုများပါတယ်။ ကလေးမွေးပြီးချိန်မှာ သွေးချိုပမာဏက ကျသွားတတ်ပြီး သွေးတွင်းသကြားဓာတ်က ပုံမှန် အခြေအနကို ပြန်ရောက်သွားတတ်ကြပါတယ်။

အမျိုးသမီးတွေက အမျိုးအစား (၂) ဆီးချို ရောဂါထက် ကိုယ်ဝန်ဆောင် ဆီးချို ခံစားရနိုင်ခြေက ပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်း သကြားဓာတ် ပမာဏ မြင့်နေမယ်ဆိုရင် သေချာ ကုသမှု ခံယူဖို့ လိုပါမယ်။

နေထိုင်မှု ပုံစံ ပြောင်းလဲတာ၊ ကာဗိုဟိုက်ဒရိတ် လျှော့စားတာ၊ သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်​ဆောင်ပေးဖို့ လိုပါမယ်။ ဒါတွေက သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး အနေအထားမှာ ထိန်းထားနိုင်မှာပါ။

ကဲအခုဆို ဆီးချို နဲ့ ပတ်သက်ပြီး ပြည့်စုံစွာ သိလောက်ပြီလို့ ထင်ပါတယ်။