ကျွန်တော်တို့ Grace Win co. ltd ၁၅ နှစ်တာခရီးစဉ်ရဲ့ ရိုးရှင်းပြီးခိုင်မာသော အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရဆုံးနှင့် ထိပ်တန်း ကျန်းမာရေးစောင့်ရှောက်မှုပေးသော ကုမ္ပဏီတစ်ခု ဖြစ်လာဖို့အတွက် ဖြစ်ပါတယ်။
အောင်မြင်မှုကိုလည်း ကျွန်ုပ်တို့၏ တိုးတက်မှု တစ်ခုတည်းဖြင့် တိုင်းတာခြင်းမဟုတ်ဘဲ Customer များ၏ ကျန်းမာချမ်းသာမှု၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဆိုင်ရာ ကျေနပ်ပြည့်စုံမှုနှင့် ကျွန်ုပ်တို့ နေ့စဉ် ဝန်ဆောင်မှုပေးနေသော မိသားစုများ၏ ကျန်းမာရေးတို့ဖြင့်ပါ တိုင်းတာသတ်မှတ်ပါတယ်။

