ကာကွယ်ဆေးဆိုတာ အနာဂတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တစ်ခုပါ။
ကြိုတင်ကာကွယ်ခြင်းကပိုမိုထိရောက်ပါတယ်။
ကာကွယ်ဆေးဆိုတာ အချို့သောရောဂါများကို တိုက်ဖျက်နိုင်စွမ်းကိုမြှင့်တင်ပေးတဲ့ဆေးဝါးများဖြစ်ပါတယ်။ ကာကွယ်ဆေးအများစုဟာ အသက်သေဆုံးနိုင်တဲ့ရောဂါအများစုကာကွယ်ပေးနိုင်တယ်။
သင်ရော သင့်ကလေးကိုကာကွယ်ဆေး အချိန်မှန်ထိုးပေးဖြစ်လား?
ဒီအကြောင်းအရာတွေ ပြောပြပေးသွားမှာပါ။
မွေးကင်းစမှစပြီး ကလေးငယ်များဟာ ကိုယ်ခံအားစနစ် မပြည့်စုံသေးတာကြောင့် ကူးစက်ရောဂါများကို အလွယ်တကူ ခံစားရနိုင်ပါတယ်။ ထို့ကြောင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးများကို အချိန်မီ ထိုးနှံပေးခြင်းက ကလေးရဲ့ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ပေးနိုင်သည့် အရေးကြီးဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ကလေးငယ်များ ကာကွယ်ဆေးထိုးရန် အချိန်ဇယား
ကာကွယ်ဆေးထိုးအစီအစဉ်အရ ကလေးမွေးဖွားပြီးချိန်မှစ၍ အသက်(၁၈)လ အထိသတ်မှတ်ထားသော အချိန်ဇယားအတိုင်း ကာကွယ်ဆေးများကို ထိုးနှံပေးသင့်ပါတယ်။
မွေးပြီးပြီးချင်း ပြင်းထန်တီဘီရောဂါ(BCG)၊ အသည်းရောင်အသာဝါ(ဘီ)ရောဂါ စတာတွေကိုထိုးမှာဖြစ်ပါတယ်။
အသက်(၂)လအရွယ်မှာတော့ BCG (ပြင်းထန်တီဘီရောဂါ)၊ ပထမအကြိမ်အဖြစ်ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ(PCV)၊ ငါးမျိုးစပ်ကာကွယ်ဆေးစတာတွေကိုထိုးရမှာပါ။ နောက်ပြီးဆုံဆို့၊ကြက်ညှာ၊မေးခိုင်အသည်းအရောင်အသားဝါ(ဘီ)စတာတွေထိုးပေးရမှာဖြစ်ပါတယ်။
(၄)လအရွယ်မှာတော့ဒုတိယကြိမ်အဖြစ်အပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ (PCV)
(၆)လအရွယ်မှတော့ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊၊ ငါးမျိုးစပ်ကာကွယ်ဆေးဆုံဆို့ကြက်ညှာ၊ မေးခိုင်အသည်းအရောင်အသားဝါ(ဘီ)တို့ကို တတိယအကြိမ်အဖြစ်ထိုးနှံပေးရမှာပါ။
(၉)လအရွယ်မှာတော့ဝက်သက်၊ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါစတာတွေကိုပထမဦးဆုံးအကြိမ်အဖြစ်ထိုးနှံရမှာဖြစ်ပြီးတစ်နှစ်ခွဲမှာတော့ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်အသည်းအရောင်အသားဝါ(ဘီ)တို့ ထိုးနှံရမှာဖြစ်ပြီး ငါးမျိုးစပ်ကာကွယ်ဆေးကိုတော့လေးကြိမ်မြောက်ထိုးနှံရမှာဖြစ်ပါတယ်။
(၉)နှစ်နဲ့(၁၀)နှစ်အရွယ် ရောက်လာမယ့်အမျိုးသမီးလေးများကတော့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကိုထိုးနှံရမှာဖြစ်ပါတယ်။ကာကွယ်ဆေးတစ်လုံးက ရောဂါတစ်ခုကို ကာကွယ်နိုင်ပြီး၊ အချိန်မှီထိုးနှံခြင်းက ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်ပါတယ်။ မိဘတိုင်းအနေဖြင့် ကလေးငယ်များကို သတ်မှတ်ထားသော ကာကွယ်ဆေးအချိန်ဇယားအတိုင်း ပြည့်စုံစွာ ထိုးနှံပေးရန် အရေးကြီးပါတယ်။
